ကျရှုံးသူ

on Tuesday 5 February 2013


အရိုးအသား တောင်မခွဲနိုင်ပဲ
နစ်နစ်မောမော ကို ချစ်ခဲ့တာ
လက်တွေ့က ကဗျာမဆန်မှန်းတော့ သိတာပေါ့
ကာရန်လေးတော့ ထပ်တူကျမယ် ထင်ခဲ့တယ်လေ...

 
ဒီအကြည့်တစ်ချက်မှာတင်
ဘ၀ပေါင်းများစွာပြောင်းသွားတာ
ဟုတ်ကဲ့
လိုလိုချင်ချင်ကို ကျဆုံးပေးလိုက်တာ
ဒီအမှောင်ထဲကိုပဲ ခြေစုံပစ်ဝင်လိုက်တာ...



ကဗျာတွေ ပွင့်မယ် ထင်ခဲ့တယ်
ပြုံးတွေ ကခုန်မယ် ထင်ခဲ့တယ်
ကောင်းကင်ကိုမော့ကြည့်ရင်း
သံစဉ်တွေမွေးဖွားဖို့ မျှော်လင့်ခဲ့တယ်
ဒါတွေက အရမ်းလွန်ခဲ့လား...


တစ်ခါတစ်ရံမျက်နှာလွှဲ
တစ်ခါတစ်ရံ ကျိတ်ငို
အရာရာအတွက် အရှုံးပေးပြီးသား
အချစ်ကိုဝေမစားနိုင်တာက လွဲလို့ပေါ့...


အခုတော့ 
အရူးမဟုတ်လဲ
နေမြင့်လာတော့ ရင့်သန်လာတယ်
ချစ်ခြင်းနောက်ကွယ်က အတ္တက အသက်ဝင်လာတော့
အရိပ်လေးကိုတောင် သ၀န်တိုတတ်လာတယ်...

 
မစွပ်စွဲပါဘူး
ဒီရင်ဘက်က အလိုလိုသိနေတာ
သီချင်းတွေနားထောင်ရင်း
ငြိမ်သွားမဲ့အချိန်စောင့်နေတာ
တစ်ခုပဲ
ကိုယ်ထင်တာ ရက်ရက်စက်စက်လွဲသွားခဲ့တယ်...


မင်းမမှားပါဘူး ကိုယ်လဲမမှန်ဘူး
နှစ်ယောက်တူတူ အိမ်မက်ရှည်ကြီးထဲ စီးမျောသွားတာ
သေချာတာတစ်ခုကတော့
မင်းတစ်ယောက်က ရုန်းထွက်နိုင်ခဲ့ပါတယ်...

 
ကိုယ်လား
ကိုယ့်အတွက်တော့
ဆုတောင်းလေးမှားခဲ့ပုံများ
ခံစားချက်တွေ မီးလောင်နေသလိုပဲ
ထိတယ် ဒီနှလုံးသား
ထိချက်ပြင်းတာ
နောင်ဘ၀အထိပဲ...။။။






4 comments:

စံပယ်ချို said...

ကဗျာတွေ ပွင့်မယ် ထင်ခဲ့တယ်
အပြုံးတွေ ကခုန်မယ် ထင်ခဲ့တယ်
ကောင်းကင်ကိုမော့ကြည့်ရင်း
သံစဉ်တွေမွေးဖွားဖို့ မျှော်လင့်ခဲ့တယ်-----
တချိန်တခါက အဲဒီခံစားချက်တွေနဲ့ပေါ့----

Yoemyaykya said...

အိုဟိုဟို ဒီကဗျာလဲ ဟတ်ထိတယ်အစ်မရေ။ ကဗျာတွေပွင့်မပွင့်တော့မသိဘူး။ ကဗျာဖတ်ရင်း ရင်ခုန်နှုန်းတွေမြန်ချင်လာတာတော့ အသိပေးပါရစေ အစ်မနှင်းဆီရေ။

ateateogjelg said...

အိပ်မက်ရှည်တွေကို နှစ်ယောက်အတူမက်ဖို့စဉ်းစားလိုက်တာနဲ့ ကျိုးကျတော့တာပဲ :)

P.S ကိုယ်ဒီနေ့ညီမလေးကိုလိုက်ရှာနေတာ . . ခုတော့တွေ့ပြီ

ခင်တဲ့
မိငြိဏ်းခက်

ateateogjelg said...

အခု အသက်ရှုကျပ်နေတယ်

ခင်တဲ့
မိငြိဏ်းခက်

Post a Comment