ပျော်ရဲ့လား

on Sunday 3 February 2013


အိမ်မက်တွေ ဆင်ဆာဖြတ်ခံရတဲ့ဘဝ
အသက်ရှုရတာတောင် ခပ်ကျပ်ကျပ်ပဲ...

 
ဖွင့်ချလိုက်တဲ့သံယောဇဉ်တွေက
အနံ့ အရသာ မရှိလို့လားမသိ
ဒီနေ့အထိ လူရာမ၀င်ခဲ့ဘူး...

 
ဂိမ်းမဟုတ်ပေမဲ့
ဒီပွဲမှာတော့ ဂိမ်းအိုဗာ ဖြစ်သွားခဲ့တယ်
သေချာတယ်
ဒါဟာ ကံကြမ္မာလက်ချက်...

 
ချပြခဲ့တာမဟုတ်လဲ
နင်းသွားရက်တဲ့ မာနတွေအတွက်
ဘာအလျော်အစားမှ မလိုဘူး
တစ်ခုပဲမေးချင်တာ
တကယ်ပျော်ရဲ့လား... ။။။

3 comments:

စံပယ်ချို said...

အမှန်အတိုင်းရိုးရိုးလေးဖြေပါရစေ ကိုယ့်အတွက်ပျော်ပြီးသူ့အတွက်မပျော်ဘူးပေါ့

Yoemyaykya said...

ပျော်ဘူး။တကယ်ပျော်ဘူး။ ဂိမ်းအိုဗာဖြစ်သွားရင် ကောင်းဘူး။
ဖွင့်ချလိုက်တဲ့သံယောဇဉ်တွေက
အနံ့ အရသာ မရှိလို့လားမသိ
ဒီနေ့အထိ လူရာမ၀င်ခဲ့ဘူး...
တကယ်တော့ နှလုံးသားနဲ့ ကြည့်ရင် ခံစားမိတယ်အစ်မနှင်းဆီ။

ateateogjelg said...

ကိုယ်တို့ရခဲ့တာ အလျော်အစားမရှိတဲ့အချစ်တစ်ခုဖြစ်နေခဲ့မယ်ဆိုရင်
ဒီဂိမ်း အိုဗာဖြစ်သွားလည်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး :)
(ကဗျာတွေဆက်ရေးပါ . . ပျော်ရွှင်အောင်ကဗျာရေးပါ. . ပျော်ရပါလိမ့်မယ်)

ခင်တဲ့

မိငြိဏ်းခက်

Post a Comment