ပျော်ရဲ့လား

on Sunday 3 February 2013


အိမ်မက်တွေ ဆင်ဆာဖြတ်ခံရတဲ့ဘဝ
အသက်ရှုရတာတောင် ခပ်ကျပ်ကျပ်ပဲ...

 
ဖွင့်ချလိုက်တဲ့သံယောဇဉ်တွေက
အနံ့ အရသာ မရှိလို့လားမသိ
ဒီနေ့အထိ လူရာမ၀င်ခဲ့ဘူး...

 
ဂိမ်းမဟုတ်ပေမဲ့
ဒီပွဲမှာတော့ ဂိမ်းအိုဗာ ဖြစ်သွားခဲ့တယ်
သေချာတယ်
ဒါဟာ ကံကြမ္မာလက်ချက်...

 
ချပြခဲ့တာမဟုတ်လဲ
နင်းသွားရက်တဲ့ မာနတွေအတွက်
ဘာအလျော်အစားမှ မလိုဘူး
တစ်ခုပဲမေးချင်တာ
တကယ်ပျော်ရဲ့လား... ။။။