ဗိုင်းရပ်စ်ဝင်သောနေ့

on Monday 20 May 2013

ပြောနေကျမဟုတ်တဲ့စကားတွေပြောမယ်
တကယ်တော့ အထာမကျလဲ
ကိုယ့်ခြေထောက်နဲ့ကိုယ်လျှောက်လို့ ရတာပဲဟုတ်
ဟို့လူထိ ဒီလူတိုးနဲ့
ကဲ... ဒီပန်းတိုင်ရောက်တော့ရော
ဒီလိပ်ပြာကအဖြူရောင်ပဲဖြစ်မယ်လို့ မျှော်လင့်နေလား...


မလုပ်ပါနဲ့ မသတ်ပါနဲ့
အဲ့လိုမရက်စက်ပါနဲ့
ဟဲဟဲ..မကြောက်ပါနဲ့ကွယ်...
လက်ဖျားနဲ့တောင်မထိဘူး
စိတ်ကိုပဲဒဏ်ရာရအောင် လုပ်လိုက်တာ
ခံရခက်လားကွဲ့...
သြော်... မေးမှ မေးတတ်ပေတယ်
အဲ့ဒီ့စိတ်တစ်ခုနဲ့ ကမ္ဘာတောင်ပတ်လို့ရမှတော့
အဲ့ဒီ့စိတ်သေရင်လဲ အသုဘဖြစ်တာပဲလေ...


မနာပါဘူး
နဲနဲလေးတောင် မထိခိုက်ဘူး...
လုပ်လေ.. 
မိုးရွာတယ်ဆိုတာ ၃၆၅ရက်လုံးရှိခဲ့လို့လား
ကျိန်စာတိုက်တယ်ဆိုတာ
ဝါသနာကိုမပါခဲ့တာ
တစ်ခုတော့ရှိတာပေါ့
တိုးပြီးဝင်ခဲ့တာတော့မဟုတ်ဘူး
တွန်းပြီးထည့်ခဲ့တာ
ဒီအမုန်းမြို့တော်ထဲကို
အဲ့ဒီ့တော့
အမုန်းတွေနဲ့ပဲရှင်သန်နေရမဲ့လူငယ်တစ်ယောက်အတွက်
အမုန်းတွေနဲ့လား ဆိုတဲ့ ရိတဲ့တဲ့စကားတော့ လာမမေးကြေး.....



4 comments:

မိုးနတ်ကြယ်စင် said...

တစ်ခုတော့ရှိတာပေါ့
တိုးပြီးဝင်ခဲ့တာတော့မဟုတ်ဘူး
တွန်းပြီးထည့်ခဲ့တာ
ဒီအမုန်းမြို့တော်ထဲကို
အဲ့ဒီ့တော့
အမုန်းတွေနဲ့ပဲရှင်သန်နေရမဲ့လူငယ်တစ်ယောက်အတွက်
အမုန်းတွေနဲ့လား ဆိုတဲ့ ရိတဲ့တဲ့စကားတော့ လာမမေးကြေး.....

good !!!
i like it :)))

mypersonalspace said...

အဖြူရောင်လိပ်ပြာကို မိုးရာသီထဲမှာ အမုန်းတွေနဲ့ ကျိန်စာတိုက်မထားပါနဲ့နော်...

Yoemyaykya said...

အမုန်းတွေနဲ့ပဲ ရှင်သန်မနေရဘူး
ဟိုလူ့တိုး ဒီလူ့တိုက်ဆိုတော့ အဖြူရောင်လိပ်ပြာမဟုတ်မှာသေချာတယ်

Yoemyaykya said...

အမုန်းတွေနဲ့ပဲ ရှင်သန်မနေရဘူးနော်
ဟိုလူ့တိုး ဒီလူ့တိုက်ဆိုတော့ အဖြူရောင်လိပ်ပြာမဟုတ်မှာသေချာတယ်

Post a Comment