ဟန်နီ့အတွက် ၁၄

on Wednesday 13 February 2013


အစိမ်းရောင်လမ်းမှာ အဖြူရောင်ပန်းတွေပွင့်ဖို့ ကိုယ် ကြိုးစားခဲ့တာပါ ဟန်နီ
ကိုယ်က ဘ၀ကို ဒိုရေမီဖာ လို့ပဲ ပြောတတ်တဲ့လူဆိုတော့
မိုးပေါ်လှမ်းခုန်တတ်တဲ့ ဟန်နီ့ခြေလှမ်းအောက်မှာတင်
ကိုယ် အငွေ့ပျံခဲ့တာ
ဒီရင်ဘက်တစ်ခုလုံး ရဲ့ ကာရန်တွေ
တဖြည်းဖြည်းချင်း ပဲ့ကျကုန်တယ်။


ကိုယ်လွှင့်တင်တတ်တဲ့ တိမ်စတိမ်မွှားလေးတွေထဲ
ဟန်နီ့ ပါဝင်လာဖို့ ကိုယ်အကြိမ်ကြိမ် စိတ်ကူးယဉ်မိတယ်
ခက်တော့ ခက်တယ် ဟန်နီ
မင်းများတဲ့ မာယာတွေက
ပိုပိုချစ်လာအောင်ပဲ ကိုယ့်ကို မြူဆွယ်နေတော့
ကိုယ်အမြဲတမ်းပြုံးနေတာက
ဟန်ဆောင်တာမဟုတ်ဘူး
ဟန်နီကလွဲရင်
ဘယ်သူမှ ဒီရင်ဘက်ထဲ အရိပ်တောင် အ၀င်မခံချင်တာ။


ဒီနေ့လဲ ဟန်နီဘယ်သူနဲ့ ရှိနေမလဲ ကိုယ်သိတယ်
ကိုယ်ကိုယ်ကိုတော့ ဘာလိုဝေဖန်ရမလဲမသိဘူ

ဒါပေမဲ့ 
မျက်နှာလွှဲနေတဲ့ ဟန်နီ့ကိုမှ သတိရနေရင်း
အသက်ဝင်လာတဲ့ အရာတိုင်းမှာ
ဟန်နီ့အငွေ့အသက် မကင်းနိုင်တာတော့ အမှန်ပဲ။


ဟန်နီ့အတွက် နှလုံးသား
ဟန်နီ့အတွက် အချစ်
ဟန်နီ့အတွက် စိတ်
ဟင့်အင်း
ကိုယ်မျက်စိလည်နေတာမဟုတ်ဘူး
ပိုးဖလံဘ၀ကို အားကျနေတာ။


ဟန်နီသိဖို့မလိုပါဘူး
ဟန်နီ နဲနဲလေး ယုံတယ်ဆို ကိုယ့်အတွက် ဒီနေ့က သေပန်းပွင့်တဲ့နေ့ပဲ။။။။။။။။။။။။။။။။။။