ကျနော်မသိချင်သောအရာ

on Thursday 28 February 2013


ချစ်သူပြုံးတဲ့အပြုံးတစ်ပွင့်အောက်
ကသောင်းကနင်းဖြစ်နေတဲ့စိတ်တစ်ခု.........
ကျနော်ရုတ်တရက်မေးလိုက်မိတယ်
ချစ်သူ ဘာကြောင့်ပြုံးပန်းပွင့်ပါသလဲဟု.......


ချစ်သူဆိုတဲ့သံစဉ်တစ်ခုအောက်
ယိုင်တိယိုင်တိုင်ဖြစ်နေတဲ့အတွေးတစ်ခု....
ကျနော်အမှတ်တမဲ့မေးလိုက်မိတယ်
ချစ်သူ ဘာကြောင့်ညည်းဆိုပါသလဲဟု.........


ချစ်သူ ပြောတဲ့စကားတစ်ခွန်းအောက်
ခွေခေါက်ခွေယိုင်ဖြစ်နေတဲ့ခံစားချက်တစ်ခု
ဒီတစ်ခေါက် ကျနော်မေးဖို့ တွေဝေခဲ့ပြီ
ဘာကြောင့်ဆိုတာ ချစ်သူနှုတ်ခမ်းထက်က မဟလာပါစေနဲ့
ကျနော် မြတ်နိုးတဲ့ ချစ်သူနှုတ်ခမ်းရဲ့
ထိချက်ပြင်းပြင်း မုန်တိုင်းအသံတစ်ခုကို
နားထောင်ဖို့
ကျနော့်ခွန်အား
သူခိုး ခိုးခံလိုက်ရလို့ပါ။


(အခုတလောဘာဖြစ်နေလဲမသိဘူး။ ကဗျာရေးချင်ပေမဲ့ ဦးနှောက်ထဲထွက်မလာတဲ့ စကားလုံးတွေက ထပ်ပြီး ရှားပါးပြတ်တောက်နေပါတယ်။ ကိုယ့်ကိုယ်ကိုသာ ဆဲချင်မိပါတယ်။)

3 comments:

Natthamee said...

ဦးနှောက်ထဲမှာ ဘာမှမရှိရင် ကဗျာမရေးပါနဲ့ဦးး . . မရေးချင်ဘဲဖျစ်ညှစ်ရေးရင်း လက်ကပိုသေလာတက်ပါတယ်
အရမ်းစိတ်ရှုပ်ထွေးနေရင်လည်း ကဗျာရေးလို့မရတက်ဘူးလို့ထင်ပါတယ် :)
အဲဒီတော့ အကောင်းဆုံးက ဦးနှောက်ရော နှလုံးသားရော လက်ရော အားလုံးကို အနားခဏပေးထားကြည့်ပါလား :D

စံပယ်ချို said...

ဒီလိုပါပဲ ခွန်အားတဲ့သူခိုး ခိုးခံပေါင်းများလှပြီ
အားတင်းထား(အာဂျား အာဂျား)

မိုးညချမ်း said...

ဟုတ်တယ် မမရေ တစ်ခါတစ်လေ ကဗျာရေးချင်သော်လည်း စကားလုံးတွေရှားပါးတဲ့အခါ သိပ်အသည်းယားတာပဲ ... ကဗျာလှလှလေး လာဖတ်သွားပါတယ် ...

Post a Comment