ဦးညီအတွက်မွေးနေ့အမှတ်တရ

on Thursday 28 March 2013

သူက ဘာမဆို ထုဆစ်ပုံဖော်တတ်သူ
သူက ဘာမဆို သိမြင်ခံစားတတ်သူ
သူက ဘာမဆို သည်းခံခွင့်လွှတ်တတ်သူ
သူဆိုတာ... အလျားလိုက်ဝပ်ဆင်းပေးထားရင်း 
လူတွေကနင်းချေအသုံးချသွားတာတောင်
အလင်းမမှိန် မလျော့တတ်တဲ့ ညမီးအိမ် တစ်ခုပေါ့...


ကဗျာတစ်ပုဒ်အသက်သွင်းဖို့ သူ လူဖြစ်လာတာတဲ့...
လူလူချင်း ညှာတာထောက်ထားဖို့ သူ အသက်ရှူနေတာတဲ့...
ကျနော်တို့ မပြောပြနိုင်တဲ့ နူးညံ့သိမ်မွေ့မှုတွေ သူ့ဆီမှာ ရှိတယ်...


ဒီနေ့လေးက သူ့မွေးနေ့
တစ်နည်းအားဖြင့်ဆိုသော် ကဗျာဆရာတစ်ယောက်ရဲ့ ကဗျာသက်တမ်းတစ်ခု မြင့်သွားတဲ့နေ့
သူ့မွေးနေ့မှာ သူ တကယ်စိတ်ကျေနပ်ပျော်ရွှင်စေဖို့ ကျနော် ဆုတောင်းပေးပါတယ်။
ဟက်ပီးဘက်ဒေးပါ ဦးညီလင်းနိုင်(ခ) ကဗျာဆရာ ညမီးအိမ်...။။။






5 comments:

ရွှေအိမ်စည် said...

ဝိုးးးး
ချစ်စရာ ကဗျာလေးတစ်ပုဒ်ပဲ
အကိုညီလင်းနိုင်ကို ပုံပေါ်အောင် ရေးနိုင်တယ်...။
ပျော်ရွှင်စရာ မွေးနေ့ရက်ကလေး ဖြစ်ပါစေ အကိုညီလင်းနိုင်...။။

Yoemyaykya said...

ဘိုင့်ဘိုင် စင်ကာပူ ချဲရီးယို စင်ကာပူ
အစ်ကို ည်ီလင်းမွေးနေ့မှာ ပျော်ရွှင်ပါစေ။ ညလေးဟန်နီရေးထားတာ မွေးနေ့ရှင်အရမ်းကြိုက်မှာ။

Yoemyaykya said...

အစ်ကို ည်ီလင်းမွေးနေ့မှာ ပျော်ရွှင်ပါစေ။ ညလေးဟန်နီရေးထားတာ မွေးနေ့ရှင်အရမ်းကြိုက်မှာ။

ညီလင်းနိုင် said...


သတိတရနဲ့ မွေးနေ့ဆုတောင်းပေးတာ အထူး..........

အထူးးးးးးးးးးးးးးးးးး ကျေးဇူးတင်ပါတယ် တူမကြီးရေ ....

အရာရာ အဆင်ပြေ အေးချမ်းပါစေနော် ... :)

မိုးညချမ်း said...

လှလိုက်တဲံ ကဗျာလေး မမရေ ... ကိုညီ့မွေးနေ့ကို မသိလိုက်ဘူးရယ် ... မွေးနေ့မှာပျော်ရွှင်ပါစေ ကိုညီရေ ... :)

Post a Comment