အပြုံးလေးနဲ့ အရှုံးပေးတယ်

on Sunday, 17 February 2013


တချက်တချက် သတိရမိတဲ့စိတ်က
ဟိုအရင်လိုမနူးညံ့
သြော်.. ကိုယ်တို့ဘ၀တွေကလဲ
ဟိုတုန်းကလို ဟသာင်္မောင်နှံမှ မဟုတ်တော့တာ...

အလိုချင်ဆုံးနဲ့ အလိုအပ်ဆုံး
ဘာမှမရွေးချင်ဘူးကွယ်
ကိုယ်က တစ်ခါတစ်လေကျရင်
ကိုယ့်ရင်ဘက် ကိုယ်ပြန်ထုပြီး
အလွမ်းတွေမွေးတတ်တာ အကျင့်ပါနေလို့ပါ...


သူမလိုချင်တဲ့အရာကိုမှ ကိုယ်ပေးမိတယ်
ကိုယ်လိုချင်တဲ့အရာကိုမှ သူဖွတ်ထားတယ်
ဟုတ်တယ်
ဒီနှလုံးသားစီဒီခွေက အစကတည်းက ကော်ပီခွေဆိုတော့ ထစ်တာပေါ့...


အခုဆို
သူသွားနေတာ ကမ္ဘာတစ်ခြမ်း
ကိုယ်ရပ်နေတာ ကမ္ဘာတစ်ခြမ်း
တစ်ယောက်နဲ့တစ်ယောက်
သတိရဖို့ဆိုတာ
ကိုယ့်ဘက်ကတော့ ဖိတ်စာတစ်ခြမ်း သေချာနေတယ်...


သူ့ဘက်ကပြတ်သားခဲ့တာ မှန်တယ်ဆိုရင်
တစ်သက်လုံး အနာမကျက်တော့မဲ့ ဒဏ်ရာတွေနဲ့
ကိုယ် ခပ်ယဲ့ယဲ့လေးပြုံးနေပါ့မယ်
အိမ်မက်သခင်
သူ.... ပျော်ပါစေ.......... ။။။။။။။။။။။။။။။။။။။

ရိုးသားတဲ့ ဖြူစင်တဲ့နာမည်ပိုင်ရှင်လေး ♥ရိုးမြေကျ♥ အတွက်မွေးနေ့ အကြို ဆုတောင်း

on Thursday, 14 February 2013



ကျနော် မက်စက်တဲ့ နွေမြို့လေးက တစ်ယောက်သောသူ

ကျနော် တွယ်တာတဲ့ အနုပညာအုပ်ချပ်တွေ တည်ဆောက်တတ်သူ

ကျနော်ကို လက်တွဲပြီး လိုင်းပေါ် ခေါ်တင်ခဲ့သူ

ကျနော့်ရဲ့ ဟိုမမှီဒီမမှီ ခံစားချက်တွေကို မငြီးမငြူ ဖတ်ပေးတတ်သူ

ကျနော်ရေးမိတဲ့ ကဗျာနာမည်နဲ့တူနေသောသူ


ကျနော့်ကို အန်းတိတ်ပါတိတ်ဆင်ကြီးထင်ပြီး အစ်မလို့ ခေါ်ခဲ့သူး)
 
ရိုးသားတဲ့ ဖြူစင်တဲ့နာမည်ပိုင်ရှင်လေး ............ ရိုးမြေကျ ............ တဲ့ ...........................

ချစ်စရာနာမည်လေးနဲ့ ချစ်စရာကောင်းသူလေးရဲ့ မွေးနေ့မှာ

ဘယ်သူဆီမှ ခွင့်မတောင်း ပါမစ်မယူပဲ ကျနော် ဆုတောင်းပေးလိုက်ပါတယ်။



Wishing u a happy and prosperous birthday and a sweet night of birthday dreams


 
ချီးယားးးးးးးးးးးးစ် မွေးနေ့မှာ အတိုင်းမသိ ပျော်ရွှင်ပါစေနော်း)

ဟန်နီ့အတွက် ၁၄

on Wednesday, 13 February 2013


အစိမ်းရောင်လမ်းမှာ အဖြူရောင်ပန်းတွေပွင့်ဖို့ ကိုယ် ကြိုးစားခဲ့တာပါ ဟန်နီ
ကိုယ်က ဘ၀ကို ဒိုရေမီဖာ လို့ပဲ ပြောတတ်တဲ့လူဆိုတော့
မိုးပေါ်လှမ်းခုန်တတ်တဲ့ ဟန်နီ့ခြေလှမ်းအောက်မှာတင်
ကိုယ် အငွေ့ပျံခဲ့တာ
ဒီရင်ဘက်တစ်ခုလုံး ရဲ့ ကာရန်တွေ
တဖြည်းဖြည်းချင်း ပဲ့ကျကုန်တယ်။


ကိုယ်လွှင့်တင်တတ်တဲ့ တိမ်စတိမ်မွှားလေးတွေထဲ
ဟန်နီ့ ပါဝင်လာဖို့ ကိုယ်အကြိမ်ကြိမ် စိတ်ကူးယဉ်မိတယ်
ခက်တော့ ခက်တယ် ဟန်နီ
မင်းများတဲ့ မာယာတွေက
ပိုပိုချစ်လာအောင်ပဲ ကိုယ့်ကို မြူဆွယ်နေတော့
ကိုယ်အမြဲတမ်းပြုံးနေတာက
ဟန်ဆောင်တာမဟုတ်ဘူး
ဟန်နီကလွဲရင်
ဘယ်သူမှ ဒီရင်ဘက်ထဲ အရိပ်တောင် အ၀င်မခံချင်တာ။


ဒီနေ့လဲ ဟန်နီဘယ်သူနဲ့ ရှိနေမလဲ ကိုယ်သိတယ်
ကိုယ်ကိုယ်ကိုတော့ ဘာလိုဝေဖန်ရမလဲမသိဘူ

ဒါပေမဲ့ 
မျက်နှာလွှဲနေတဲ့ ဟန်နီ့ကိုမှ သတိရနေရင်း
အသက်ဝင်လာတဲ့ အရာတိုင်းမှာ
ဟန်နီ့အငွေ့အသက် မကင်းနိုင်တာတော့ အမှန်ပဲ။


ဟန်နီ့အတွက် နှလုံးသား
ဟန်နီ့အတွက် အချစ်
ဟန်နီ့အတွက် စိတ်
ဟင့်အင်း
ကိုယ်မျက်စိလည်နေတာမဟုတ်ဘူး
ပိုးဖလံဘ၀ကို အားကျနေတာ။


ဟန်နီသိဖို့မလိုပါဘူး
ဟန်နီ နဲနဲလေး ယုံတယ်ဆို ကိုယ့်အတွက် ဒီနေ့က သေပန်းပွင့်တဲ့နေ့ပဲ။။။။။။။။။။။။။။။။။။


တေမိဇာတ် ခင်းမိခြင်း အကြောင်း

on Wednesday, 6 February 2013
ပတ်ဝန်းကျင်ဆိုတဲ့စကားက ကျွန်မအတွက် တော်တော့်ကို နားလည်ရခက်တဲ့ ဘာသာစကားတစ်ခု။
ပတ်ဝန်းကျင်ဆိုတဲ့ အနက်အဓိပ္ပါယ်ကို ကျွန်မ သေချာမသိပေမဲ့
ပတ်- ပတ်လည်-
ဝန်း- ၀ိုင်းဝန်းနေသော-
ကျင်- ကျင်လည်ရာနေရာတစ်ခု- လို့ အမျိုးသားစာရေးဆရာတစ်ယောက်ရဲ့ စာပေထဲမှာ မှတ်သားခဲ့ဖူးတယ်။
ကျွန်မ စဉ်းစားကြည့်တယ်။
နေရာတိုင်းမှာ ပတ်ဝန်းကျင်ဆိုတာရှိတယ်။
လူတွေမှာလဲ လူ့ပတ်ဝန်းကျင်ဆိုတာရှိသလို တိရစ္ဆာန်တွေလဲ ရှိမှာပဲ။
ဘယ်နေရာ ဘယ်ဒေသမှာပဲဖြစ်ဖြစ် မိမိတို့ နေထိုင်ရာမှာ ပတ်ဝန်းကျင်ဆိုတာ ရှိနေတယ်။
ဒါပေမဲ့ ကျွန်မနေထိုင်ရာ အိမ်ပတ်ဝန်းကျင်မှာ စံပယ်ပင် ပိတောက်ပင် စိန်ပန်းပင် စတဲ့ သက်ရှိအပင် ပတ်ဝန်းကျင်ကိုတော့ ကျွန်မ အလွန်နှစ်သက်မိပါရဲ့။
ကျွန်မအိမ်ရဲ့ ဘေးအိမ်တွေမှာနေထိုင်တဲ့ သက်ရှိလူ့ပတ်ဝန်းကျင်ကိုတော့ ကျွန်မ မလိုလားမိဘူး။


"အစ်မ.. စံပယ်ပန်းလေးတစ်ပွင့်နှစ်ပွင့်ေ

လာက်ခူးမယ်နော်.."
တစ်နေ့ ကျွန်မ ခြံထဲတွင် စာရေးစားပွဲခုံချပြီးစာရေးနေတု
န်း အိမ်ဘေးက မိထက်ဆိုတဲ့ ဆယ်တန်းဖြေပြီးခါစ ကောင်မလေးတစ်ယောက်ရောက်လာပါတယ်။ ဆယ်ကျော်သက်အရွယ်ဆိုတဲ့အတိုင်း မျက်စိကအစ ဂနာမငြိမ်ချင်ဘူး။
ကျွန်မခြံထဲဝင်ပြီး စံပယ်ပန်းတောင်းတာကနဲနဲ ကျွန်မအိမ်ထဲကိုလှမ်းကြည့်ပြီး
စပ်စုတာက များများ။
ကျွန်မကိုယ်တိုင်လဲ မစပ်စုသလို စပ်စုတာလဲမကြိုက်။
"အိမ်မှာခင်ပွန်းသည်က ရုံးသွားလို့မရှိဘူး ညီမလေးရဲ့... အကူခေါ်ထားတဲ့ကောင်မလေးကတော့ ဟင်းချက်နေတယ်..."
ကျွန်မလဲ ရွဲ့ပြီး အဲလိုပြောလိုက်ရော ကျွန်မကို အရှက်ပြေ ရယ်ပြပြီး စံပယ်ပန်းတွေခူးပြန်တယ်။ တောင်းတော့ဖြင့် တစ်ပွင့်နှစ်ပွင့်။ ခူးလိုက်တာ ၁၀ပွင့်ထက်မနည်း။ ထားပါတော့လေ။
"အစ်မကျေးဇူးနော်.."
"သြော်.. အေး.. အေး..."
"ဒါနဲ့ အစ်မ စာချည်းပဲရေးမနေနဲ့.. ပတ်ဝန်းကျင်လေးဘာလေးလေ့လာဦး..
အဟဲ.. ညီမ စေတနာနဲ့ပြောတာပါ.."
ကြည့်ပါဦး။ သူများအိမ်လာပြီး ပန်းတွေခူးသေးတယ်။ သူများကိုလဲ ဆရာလုပ်သွားသေးတယ်။ ကိုယ်ကမွေးရင်ကိုယ့်သမီးအရွယ်ေ
လာက်ရှိမဲ့ဒီကလေးမက ကိုယ့်ကိုပြန်ပြီး ပညာပြသွားပါလား။
အဲဒါကြောင့် ကျွန်မ .. ကျွန်မ ပတ်ဝန်းကျင်ကလူတွေနဲ့ မပတ်သက်ချင်တာ။ သူတို့နဲ့စကားပြောလို့ ကျွန်မ စိတ်အနှောင့်အယှက်ပဲဖြစ်ရတယ်။
အခုလဲစာရေးချင်တဲ့စိတ်ပျောက်သွာ
းတယ်။
အဲဒါနဲ့ ကျွန်မလဲ စာဆက်မရေးတော့ပဲ ပစ္စည်းတွေသိမ်းပြီး အိမ်ထဲဝင်လာလိုက်တယ်။

"မင်းကိုက အတွေးလွန်နေတာ... မင်းဟာလေ စိတ်ကူးယဉ်စာရေးဆရာမပီပီ နေရာတကာကို လိုက်ခံစား...  အရည်မရ အဖက်မရ စိတ်ကူးတွေယဉ်...  စာတွေရေး... ပြီးတော့ သူများအပေါ်လဲ မင်းပေတံကြီးနဲ့ လိုက်လိုက်တိုင်းတယ်..."
ဒါကတော့ ကျွန်မ အမျိုးသားက ကျွန်မကို အမြဲဝေဖန်လေ့ရှိတဲ့ သူ့စကားလုံးတွေပါ။
သူကတော့ လက်တွေ့သမားပီပီ စိတ်ကူးယဉ်တာကိုမနှစ်သက်သလို စာရေးတဲ့စာရေးဆရာတွေကိုလဲ အထင်မကြီးတတ်တဲ့သူပါ။
"မင်းတို့ စာရေးဆရာတွေက သူများတွေကိုသာဟိုလိုလုပ် ဒီလိုလုပ် ဆိုပြီး သိပ်ပြောတတ်တယ်.. ကိုယ်တိုင်ကျတော့ ကောင်းအောင်မနေတတ်ကြဘူး.... ယောက်ျားလေးစာရေးဆရာတွေဆိုလြဲ
ကည့်ပါလား.. ဘီယာသမားနဲ့ အရက်သမားတွေချည်းပဲ.. "
ဟင်းးးး... သူနဲ့သာ ပြိုင်ငြင်းနေရင် ကျွန်မ မောရုံပဲရှိမယ်။ သူပြောသမျှကို ကျွန်မ ဘာမှပြန်မပြောပဲနေလိုက်တယ်။
သူ့လို စာပေတန်ဖိုးမသိတဲ့သူတစ်ယောက်နဲ့ ကျွန်မဘာလို့ အချိန်ကုန်ခံငြင်းနေမလဲ။
ကျွန်မအချိန်တွေကို စာရေးခြင်းနဲ့စာဖတ်ခြင်းမှာပဲ အသုံးချဖို့ ကျွန်မ အမြဲလုပ်ဆောင်တယ်။
သူပြောသလို ကျွန်မဟာ တကယ်ပဲ စိတ်ကူးယဉ်သမားဖြစ်နေလား။
အရာရာကိုပေတံနဲ့လိုက်တိုင်းနေမိ
သလား။
သေချာတာကတော့ ကျွန်မနဲ့ ကျွန်မ့ပတ်ဝန်းကျင်မှာအဆင်မြေ
ပသလို ကျွန်မရဲ့အိမ်ဦးနတ်နဲ့လဲ ကျွန်မ အဆင်မပြေပါဘူး။

ကျွန်မ တကယ်ပဲ အတွေးလွန်နေသလား။
ကျွန်မ က အေးအေးဆေးဆေးပဲနေချင်သူတစ်ယောက်

ပတ်ဝန်းကျင် ရပ်ကွက်ထဲကလူတွေလို လက်ဖက်လေးစားလိုက် ရေနွေးလေးသောက်လိုက် အတင်းလေးပြောလိုက် မလုပ်ချင်သလို ကျွန်မအပေါ် ဝေဖန်တာမျိုးကိုလဲ ကျွန်မ မကြိုက်မနှစ်သက်မိဘူး။
စာပေနဲ့ပတ်သက်လို့ ကျွန်မအပေါ် ဝေဖန်တာမျိုးကို ကျွန်မလက်ခံတယ်။
ဒါပေမဲ့ အရည်မရ အဖက်မရ ဟိုစပ်စပ် ဒီစပ်စပ် တစ်စိတ်ကိုတစ်အိတ်ချဲ့ပြောတာတွေ မဟုတ်တာကို အဟုတ်ဖြစ်အောင် ပြောတာတွေတော့ ကျွန်မ မကြိုက်ဘူး။
ဒါကြောင့်မို့လို့လဲထင်ပါရဲ့။ ရပ်ကွက်ထဲကလူတွေကျွန်မကို နာမည်ပေးထားတယ်။ မာနအိုးကြီး တဲ့။
ကျွန်မ ကိုယ် ကျွန်မတော့ မာနကြီးတယ် မထင်ဘူး။
အေးအေးဆေးဆေးနေတတ်တာရယ် စကားသိပ်မပြောဖြစ်တာရယ်ပဲရှိတယ်

လူတွေနဲ့ သိပ်ပြီး အရောမ၀င်ချင်တာက မာနကြောင့်မဟုတ်ခဲ့ဘူး။
ဒါကို ပတ်ဝန်းကျင်က လူတွေက ထားပါတော့။ ကျွန်မ အမျိုးသားကိုယ်တိုင် ကျွန်မအပေါ် နားမလည်နိုင်ပါဘူး တဲ့လေ။
ဟုတ်တော့လည်းဟုတ်ပါတယ်။
စာတွေကို ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးတတ်ပေမဲ့ စကားကို သေချာမပြောတာက ကျွန်မ အားနည်းချက်လို့ဆိုမလား။
ဒါမှမဟုတ် ကျွန်မကပဲ အရာရာကို လိုက်ခံစားနေမိလို့လား။

"ညီမရေ.. အစ်မတို့ရပ်ကွက်မှာ ဆွမ်းလောင်းပွဲရှိတယ်လေ။ ၀ိုင်းကူလုပ်ဖို့ လူလိုက်စုနေတာ။ ညီမစာရေးနားတဲ့အချိန် ညီမစိတ်ဝင်စားရင်ပေါ့။"
ကျွန်မတို့ရပ်ကွက်ရဲ့လူကြီးရဲ့ မိန်းမကိုယ်တိုင် အိမ်လာပြီး ပြောလာတဲ့စကားကို ကျွန်မ မငြင်းပယ်ချင်ဘူး။
အမြဲတမ်း စာဖတ်နေလို့စာရေးရလို့ မအားဘူးဆိုပြီးငြင်းပယ်ခဲ့ပေမဲ့ ဒီတစ်ခါ ကျွန်မ အမျိုးသားက
"မင်းကို ထက်မြက်တဲ့ မိန်းမတစ်ယောက်အဖြစ်မြင်စေချင်
တယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့သူဖြစ်စေချင်တယ်။ အသက်မဲ့နေတဲ့ဒီစာအုပ်တွေကြားထဲမှာ နစ်မွန်းနေတဲ့သူအဖြစ် မမြင်စေချင်ဘူး။
မင်းနဲ့ကို ကတိထားကြတယ်လေ။ တစ်ယောက်ဆန္ဒကိုတစ်ယောက်လိုက်လျေ
ာဖို့။ အခု ကိုယ်ဖြစ်စေချင်တဲ့ဆန္ဒကလဲ မင်းအတွက် ထိခိုက် မနစ်နာလောက်ဘူးလို့ ကိုယ်ယုံကြည်တယ်။ ကြိုးစားကြည့်ပါဦး မိန်းမရာ.."
ဆိုပြီး ကျွန်မကို လွန်ခဲ့တဲ့တစ်ပတ်လောက်က ပြောထားတဲ့ အမျိုးသား၏ စကားကို ကျွန်မ နားထောင်လိုက်တယ်။
ကျွန်မလို ရပ်ကွက်ပတ်ဝန်းကျင်နဲ့ ကင်းကင်းရှင်းရှင်းနေတဲ့သူတစ်ေ
ယာက်အနေနဲ့ ပထမဆုံးအကြိမ်အဖြစ်ရပ်ကွက်ဆွမ်းလောင်းပွဲမှာ ပါဝင်ဖို့ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ ကျွန်မ စဉ်းစားမရတာ တစ်ခုက စကားနည်းတဲ့ ၊ ပတ်ဝန်းကျင်နဲ့ သိပ်ပြီးမဆက်ဆံတာနဲ့ပဲ ကျွန်မလိုစာရေးဆရာမတစ်ယောက်က မထက်မြက်တဲ့ ခပ်တုံးတုံး မိန်းမတစ်ယောက်ဖြစ်သွားတယ်တဲ့လာ
း။

"ညီမက ဒီကြက်သွန်တွေ ကို မိထက် တို့နဲ့အတူတူ အခွံနွာနော်.."
လက်ထဲကို ဓားတစ်ချောင်းလာပေးပြီး ထွက်သွားတဲ့ ရပ်ကွက်လူကြီးမိန်းမကို ခေါင်းညိတ်ပြလိုက်တယ်။
ဘေးနားမှာ မိထက်ကတော့ ၀မ်းသာအားရ ပုံစံနဲ့
"အစ်မ အခုလို ရပ်ကွက်သာရေးနာရေးမှာ ၀ိုင်းကူလုပ်တာ အရမ်းဝမ်းသာတာပဲ.. သိလား.. ငါ့အစ်မ တော်လာပြီ.."
တဲ့။
ဘယ်လိုစကားမျိုးကြီးလဲ မသိပါဘူး။ ဒါပေမဲ့ ကျွန်မ ဘာမှ မပြောပဲ ကြက်သွန်တွေခွါနေမိတယ်။ ဘေးနားမှာ ငရုတ်သီးထောင်းသူ ကြက်သွန်လှီးသူ နဲ့ အခြားအလုပ်တွေကိုယ်စီလုပ်နေတဲ့ မိန်းမတချို့က ကျွန်မကို နေကောင်းလား ဘာညာဖြင့်စကားလှမ်းပြောတယ်။
ကျွန်မလဲ အလိုက်သင့်ပြန်ပြောလိုက်တယ်။ တချို့ကျတော့ ကျွန်မကို စကားမပြောပဲ မသိမသာအကဲခတ်တယ်။
ကျွန်မကတော့ အေးအေးဆေးဆေးပဲ လုပ်စရာရှိတဲ့အလုပ်တွေလုပ်ရင်း အားလုံးပြီးဆုံးလို့ လူတွေပြန်တော့မယ်လဲ ဆိုရော ကျွန်မလဲ အိမ်ပြန်ခဲ့လိုက်တယ်။


နောက်တစ်နေ့မနက်ခင်း ထမင်းစားခန်းထဲ အမျိုးသားအတွက် မနက်စာပြင်ဖို့ အိမ်အကူကောင်မလေးကိုညွှန်ကြားေ
နရင်း ကောင်မလေးက ကျွန်မကိုတစ်ခုခုကိုပြောချင်နေမှန်းသိတာနဲ့
"ဘာကိစ္စရှိလို့လဲ.. တစ်ခုခုပြောချင်နေသလိုပဲ.. ပြောလေ.. ငွေကြိုထုတ်ချင်လို့လား.."
"မဟုတ်..မဟုတ်ဘူး..မမ.. ဒီလိုလေ.. သမီး ဈေးသွားရင်းကြားခဲ့တာလေ.. အဲဒါ.."
"ဘာကြားခဲ့တာလဲ.."

ထမင်းစားခန်းထဲဝင်လာတဲ့ အမျိုးသားက ကျွန်မ အစားလှမ်းမေးလိုက်ခြင်းဖြစ်ပါ
တယ်။
"ဟိုလေ.. ဟို.. မနေ့က မမ သူတို့နဲ့ဝိုင်းကူလုပ်ပေးတယ်မဟု
တ်လား.. အဲဒါကိုသူတို့က...
မာနအိုးကြီးတစ်ယောက် သူ့ယောက်ျားက စမောလေးနဲ့ ဖောက်ပြန်နေလို့စိတ်တွေညစ်နေတာ
နဲ့ စိတ်ပြေလက်ပျောက် လာလုပ်ပေးတာနေမှာပဲတဲ့.. နို့မို့ဆို မလာဘူး တဲ့.. အခုလိုမျိုးဖြစ်တော့မှ ရပ်ကွက်ကို အားကိုးပြီး တိုင်ပင်ချင်လို့ အင်ထရိုစ၀င်ပြီး ရပ်ကွက်ထဲက အလုပ်တွေ ၀ိုင်းလုပ်ပေးတာ နေမှာပေါ့ တဲ့..
အဲလိုပြောတယ် မမ.."

ကောင်မလေးရဲ့ စကားသံအဆုံး ကျွန်မအမျိုးသားလဲ
"ဟေ.."
ဆိုပြီး အံ့သြတဲ့မျက်နှာမျိုးဖြစ်သွား
တယ်။
ကျွန်မလဲ အမျိုးသားမျက်နှာကိုကြည့်လိုက်ေ
တာ့ သူက-
"မဟုတ်ဘူးနော်.. မိန်းမ.. ကိုယ့်ကိုအထင်မလွဲနဲ့ .. ကိုယ်က စီးပွားရေးလုပ်မယ် ပိုက်ဆံရှာမယ်ပဲစိတ်ကူးရှိတာ. ကိုယ့်စိတ်ကို မိန်းမ အသိဆုံးနော်.."
ဟု ပြာပြာသလဲပြောပါတယ်။
ကျွန်မ ဘာမှ မဖြစ်သလို မျက်နှာမျိုးနဲ့ အေးအေးဆေးဆေးနေလိုက်တယ်။ အကူကောင်မလေးကိုလဲ လုပ်စရာရှိတာဆက်လုပ်။ ဈေးသွားရင်လဲရပ်ကွက်ထဲကလူတွေကိ
ုသိပ်အရောမ၀င်ဖို့ ပြောလိုက်တယ်။
ကျွန်မနဲ့အမျိုးသားနဲ့ စားပွဲမှာအတူတူထိုင်ပြီး မနက်စာစားနေလိုက်တယ်။ စားနေရင်း အမျိုးသားက-
"မိန်းမ..... နောက်ဆို ရပ်ကွက်ထဲက လူတွေနဲ့ အရောမ၀င်နဲ့ကွာ. ကိုယ်မကြိုက်ဘူး.. သိလား.. ဟုတ်တာလဲ မဟုတ်ဘူး.. လျှာအရိုးမရှိတိုင်းပြောနေတာ။မိ
န်းမက စာရေးဆရာမပဲ ..အိမ်မှာပဲ အေးအေးဆေးဆေးစာရေးနေ.. စာများများရေး.. မိန်းမ အတွက် ဖတ်ဖို့စာအုပ်တွေလဲကိုယ်ဝယ်လာပေးမယ် သိလား..."
ဆိုပြီးပြောပါတယ်။
ကျွန်မကတော့ ခေါင်းပဲညိတ်ပြမိလိုက်တယ်။
ကျွန်မ အမျိုးသားကိုလဲ ကျွန်မ သံသယမဖြစ်မိပါဘူး။
ကျွန်မအိမ်ထောင်ရေးကို သံသယတွေနဲ့လဲ မတည်ဆောက်ချင်ဘူး။
ဒါကို ကျွန်မ အမျိုးသားကလဲ နားလည်တယ်။
ကျွန်မကလဲ သူ့အပေါ် ယုံကြည်တယ်။
ဒါပေမဲ့ ပတ်ဝန်းကျင်က လူတွေ ဘာလို့ မဟုတ်တာပြောဖို့ အချိန်ရလဲ ကျွန်မ စဉ်းစားမရဘူး။ သူတို့အတွက် ဒီလိုပြောလိုက်ရလို့ ဘာအကျိုးမြတ်ရှိသလဲ ကျွန်မ မသိဘူး။
ကျွန်မ လူတိုင်းကို ခင်တတ်ပါတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်မှာတော့ ကျွန်မတေမိဇာတ် ဆက်ခင်းနေမိမယ် ထင်ပါရဲ့။။။။။


နှင်းဆီက ၀ါသနာပါလို့သာ စာတွေရေးမိတာပါ။ နှင်းဆီစိတ်ကူးထဲကအတိုင်းပုံဖော်ရမှာ အလွဲအလွဲအချော်ချော်တွေဖြစ်မှာ သိပါရဲ့။ ခွင့်လွှတ်ပေးကြပါ။ နှင်းဆီဆိုတာ ၀ါသနာရှင်အဆင့်ထက်တောင် နိမ့်တဲ့ အောက်ဆုံးအဆင့်ကနေ နည်းလမ်းမကျ ဘာမကျနဲ့ စာတွေကို ရူးသွပ်ပြီး ရေးနေသူတစ်ယောက်ဆိုတာ ၀န်ခံပါတယ်။ နှင်းဆီအပေါ် စိတ်ကြိုက်ဝေဖန်နိုင်ပါတယ်။

နောက်ပြီး စာရေးတာကို အထင်မကြီးတဲ့၊ ကဗျာရေးတာကို အထင်သေးတဲ့၊ ဆုံမှတ်လွဲသွားတဲ့သူတစ်ယောက်အတွက် နှင်းဆီခံစားနေရတယ်ဆိုရင် ပတ်ဝန်းကျင်က နှင်းဆီကို ဘယ်လိုဝေဖန်ကြဦးမလဲကွယ်။း)
 

ကျရှုံးသူ

on Tuesday, 5 February 2013


အရိုးအသား တောင်မခွဲနိုင်ပဲ
နစ်နစ်မောမော ကို ချစ်ခဲ့တာ
လက်တွေ့က ကဗျာမဆန်မှန်းတော့ သိတာပေါ့
ကာရန်လေးတော့ ထပ်တူကျမယ် ထင်ခဲ့တယ်လေ...

 
ဒီအကြည့်တစ်ချက်မှာတင်
ဘ၀ပေါင်းများစွာပြောင်းသွားတာ
ဟုတ်ကဲ့
လိုလိုချင်ချင်ကို ကျဆုံးပေးလိုက်တာ
ဒီအမှောင်ထဲကိုပဲ ခြေစုံပစ်ဝင်လိုက်တာ...



ကဗျာတွေ ပွင့်မယ် ထင်ခဲ့တယ်
ပြုံးတွေ ကခုန်မယ် ထင်ခဲ့တယ်
ကောင်းကင်ကိုမော့ကြည့်ရင်း
သံစဉ်တွေမွေးဖွားဖို့ မျှော်လင့်ခဲ့တယ်
ဒါတွေက အရမ်းလွန်ခဲ့လား...


တစ်ခါတစ်ရံမျက်နှာလွှဲ
တစ်ခါတစ်ရံ ကျိတ်ငို
အရာရာအတွက် အရှုံးပေးပြီးသား
အချစ်ကိုဝေမစားနိုင်တာက လွဲလို့ပေါ့...


အခုတော့ 
အရူးမဟုတ်လဲ
နေမြင့်လာတော့ ရင့်သန်လာတယ်
ချစ်ခြင်းနောက်ကွယ်က အတ္တက အသက်ဝင်လာတော့
အရိပ်လေးကိုတောင် သ၀န်တိုတတ်လာတယ်...

 
မစွပ်စွဲပါဘူး
ဒီရင်ဘက်က အလိုလိုသိနေတာ
သီချင်းတွေနားထောင်ရင်း
ငြိမ်သွားမဲ့အချိန်စောင့်နေတာ
တစ်ခုပဲ
ကိုယ်ထင်တာ ရက်ရက်စက်စက်လွဲသွားခဲ့တယ်...


မင်းမမှားပါဘူး ကိုယ်လဲမမှန်ဘူး
နှစ်ယောက်တူတူ အိမ်မက်ရှည်ကြီးထဲ စီးမျောသွားတာ
သေချာတာတစ်ခုကတော့
မင်းတစ်ယောက်က ရုန်းထွက်နိုင်ခဲ့ပါတယ်...

 
ကိုယ်လား
ကိုယ့်အတွက်တော့
ဆုတောင်းလေးမှားခဲ့ပုံများ
ခံစားချက်တွေ မီးလောင်နေသလိုပဲ
ထိတယ် ဒီနှလုံးသား
ထိချက်ပြင်းတာ
နောင်ဘ၀အထိပဲ...။။။