ချစ်သူပြုံးတဲ့အပြုံးတစ်ပွင့်အောက်
ကသောင်းကနင်းဖြစ်နေတဲ့စိတ်တစ်ခု .........
ကျနော်ရုတ်တရက်မေးလိုက်မိတယ်
ချစ်သူ ဘာကြောင့်ပြုံးပန်းပွင့်ပါသလဲဟု .......
ကသောင်းကနင်းဖြစ်နေတဲ့စိတ်တစ်ခု
ကျနော်ရုတ်တရက်မေးလိုက်မိတယ်
ချစ်သူ ဘာကြောင့်ပြုံးပန်းပွင့်ပါသလဲဟု
ချစ်သူဆိုတဲ့သံစဉ်တစ်ခုအောက်
ယိုင်တိယိုင်တိုင်ဖြစ်နေတဲ့အတွေ
ကျနော်အမှတ်တမဲ့မေးလိုက်မိတယ်
ချစ်သူ ဘာကြောင့်ညည်းဆိုပါသလဲဟု.......
ချစ်သူ ပြောတဲ့စကားတစ်ခွန်းအောက်
ခွေခေါက်ခွေယိုင်ဖြစ်နေတဲ့ခံစား
ဒီတစ်ခေါက် ကျနော်မေးဖို့ တွေဝေခဲ့ပြီ
ဘာကြောင့်ဆိုတာ ချစ်သူနှုတ်ခမ်းထက်က မဟလာပါစေနဲ့
ကျနော် မြတ်နိုးတဲ့ ချစ်သူနှုတ်ခမ်းရဲ့
ထိချက်ပြင်းပြင်း မုန်တိုင်းအသံတစ်ခုကို
နားထောင်ဖို့
ကျနော့်ခွန်အား
သူခိုး ခိုးခံလိုက်ရလို့ပါ။
(အခုတလောဘာဖြစ်နေလဲမသိဘူး။ ကဗျာရေးချင်ပေမဲ့ ဦးနှောက်ထဲထွက်မလာတဲ့ စကားလုံးတွေက ထပ်ပြီး ရှားပါးပြတ်တောက်နေပါတ