စိတ္တဇဆန်ဆန်ပြုမူတတ်သလို
ကြောင်တောင်တောင်တွေးခေါ်တတ်တယ်
ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာအတိုင်း ဆက်ဆံတတ်လို့
နားလည်ဖြေသိမ့်ပေးမဲ့သူမရှိတဲ့ဘ၀မှာ
နေသားမကျတကျနဲ့ ရပ်တည်ခဲ့တာ
အခုဆို နောက်တစ်ကျော့နိုဝင်ဘာရောက်ခဲ့ပြန်ပြီ...။
ရယ်ချင်လိုက်တာ ကံကြမ္မာရယ်
ဘာအမှတ်တရမှ မရှိခဲ့ဖူးတဲ့ မွေးနေ့တိုင်းကို
ရင်နာနာနဲ့ကျော်ဖြတ်ခဲ့ပြီးပြီပဲ
ဒီနှစ်ဒီရက်မှာ မွေးနေ့မွေးနံ တိုက်ဆိုင်တော့လဲ
ဘာပြောင်းလဲသွားမှာတဲ့လဲ
ကြိုတင်မျှော်လင့်ထားပါတယ်
ဒီနှစ်လဲ ငိုရမယ်ဆိုတာ
တကယ်ဆို
ကျိန်စာသင့်နေတဲ့မွေးနေ့ရှင်တစ်ယောက်အတွက်
ဘယ်တန်ခိုးရှင်မှ ထွက်ပေါ်မလာနိုင်တာ
နှစ်ပေါင်း ၂၀ ကျော်နီးပါး နားလည်ခဲ့ပြီးပြီလေ…။
အမှားတွေ အလွဲတွေ
ကြေကွဲမှုတွေ
ရှုံးနိမ့်မှုတွေ
ခါးသက်ခဲ့တယ်
အရမ်းကိုခံရခက်ခဲ့တယ်
ရင့်ကျက်ပြီလား ဆိုတဲ့ မေးခွန်းအတွက်လဲ
ဖြေစရာအဖြေမရှိသေးဘူး
ဝန်ခံရရင်
ကိုယ်က ကြယ်မရှိတဲ့ကောင်းကင်အောက်မှာ
လွင့်မျောနေတဲ့စိတ်နဲ့ရပ်တည်နေတဲ့
ဦးတည်ချက်မရှိတဲ့အမှုန်တစ်မှုန်လေ…။
သေချာပါတယ်
ဒီမွေးနေ့ရောက်တဲ့အခါမှာ
အားလုံးနဲ့ခေတ္တခဏအဆက်အသွယ်ဖြတ်လို့
မသိနိုင်တဲ့ ငိုကြွေးခြင်းတွေ ရင်ထဲကနေ မွေးထုတ်ဦးမယ်…။
ဝမ်းမနည်းကြေးနော်
တကယ်လို့ မွေးနေ့ပဲဖြစ်ဖြစ် ရက်လည်ပဲဖြစ်ဖြစ်
အချစ်နဲ့အမုန်း
အဖြူနဲ့အမည်း
ရှင်သန်ခြင်းနဲ့သေခြင်းတရား
ဒွန်တွဲမှုတွေကိုကြိုက်နှစ်သက်သလို
ကျိန်စာကိုလဲ ခံစားလက်ခံနိုင်ပြီဖြစ်တဲ့အရွယ်မို့လို့
တကယ်လို့များ
တစ်ခုခု မှားယွင်းခဲ့ရင်
မငိုကြေးနော်
အင်း… နိုဝင်ဘာကျိန်စာကြောင့်
ဘယ်သူမှ မငိုကြေး…။
ကိုယ်တစ်ယောက်ကလွဲလို့ပေါ့…။
(နှင်းဆီရဲ့မွေးနေ့က နိုဝင်ဘာလထဲမှာရှိပါတယ်။ မွေးနေ့ရောက်တိုင်း နှင်းဆီတစ်ခုမဟုတ်တစ်ခု အကြောင်း တစ်ခုခုကြောင့်ပေါ့နော် အမြဲငိုရတယ်။
နှင်းဆီရဲ့ မကျရောက်သေးတဲ့မွေးနေ့အမှတ်တရရေးထားတဲ့ ခံစားချက်အစစ်အမှန်လေးပါ)
5 comments:
တကယ်လို့များ
တစ်ခုခု မှားယွင်းခဲ့ရင်
မငိုကြေးနော်..
ရင်ထဲမှာ နင့်ကနဲပဲ
နိုဝင်ဘာရယ် မရက်စက်ပါနဲ့ကွယ်..
စိတ္တဇဆန်ဆန်ပြုမူတတ်သလို
ကြောင်တောင်တောင်တွေးခေါ်တတ်တယ်
ငယ်ငယ်ကတည်းက စိတ်ဒဏ်ရာအတိုင်း ဆက်ဆံတတ်လို့
နားလည်ဖြေသိမ့်ပေးမဲ့သူမရှိတဲ့ဘ၀မှာ
နေသားမကျတကျနဲ့ ရပ်တည်ခဲ့တာ
အခုဆို နောက်တစ်ကျော့နိုဝင်ဘာရောက်ခဲ့ပြန်ပြီ...
အစပျိုးထားပုံလေးကအရမ်းလှတယ် ကောင်းလိုက်တဲ့ ကဗျာလေးပါရှင်
ဒို့နှစ်ယောက်ကတော့ တော်တော်တူနေပြီ။ ညလေးရေ နိုဝင်ဘာမှာမွေးနေ့မှာ နောက်ထပ်ထပ်မငိုပါနဲ့တော့နော
နှင်းဆီရောင်နဲ့အမတူတယ်..အသူလဲNovember bornပဲ၂၇ရက်နေ့ကအသူမွေးနေ့ ^_^
တူတာလဲများတယ်..မွေးနေ့နီးရင်အများအားဖြင့် ကံလဲညံ့တတ်ကြတယ်။အသူကတော့ ဘုရားတရားပိုလုပ်ဖြစ်တယ်။အလှူများများလုပ်တယ်။အဲ့တာကကိုယ်ကံတက်အောင်ပေါ့.စိတ်လဲချမ်းသာလာတော့..ဝမ်းနည်းစရာနည်းလာလိမ့်မယ်။
မငိုနဲ့တော့နော်.ဒီနှစ်မွေးနေ့ငိုခြင်းကင်းပါစေ ^_^
I'd like to thank you for the efforts you've put in penning this
website. I'm hoping to see the same high-grade blog posts by you in the future as well.
In fact, your creative writing abilities has inspired
me to get my own site now ;)
Here is my web-site; industrial metal
Post a Comment